သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

28 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေးနှင့် ပတ်သက်၍ အထူးလိုက်နာဆောင်ရွက်ရန်သတိပေးသင့်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events