ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့၊ ပွဲစားဂုံညှင်းတန်းကျေးရွာ၌ (၂၄-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၅၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူတစ်ဦးလျှင် ဆန် (၂) ဗူးနှုန်းဖြင့် (၇) ရက်စာ (၄) အိတ် (၂) ပြည်နှင့် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာ (၃) ဗူး၊ ဆီ (၅၀) သား (၁) ဗူး၊ စုစုပေါင်း (၁၅၁,၆၀၀) တန်ဖိုးရှိ ပစ္စည်းများအား (၂၅-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)