သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းခန်းမတွင် သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးဆောင်ရန်/ရှောင်ရန်အချက်များ၊ သိကောင်းစရာများအား ဆွေးနွေး ခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ပြောကြားခြင်း၊ ယာဉ်ထိန်းရဲမှ ယာဉ်အန္တရာယ်အကြောင်း ပြောကြားခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တို့မှ သိကောင်းစရာများပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events