ရုံးသစ်ဖွင့်လှစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

28_Pic_02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံးသစ်ဖွင့်လှစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်း အနားကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ဆက်လက်၌ အစီအစဉ်အရ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း မှတ်တမ်း Video များပြသခဲ့ပြီး တက်ရောက် လာသူများက သင်တန်းသား/သင်တန်းသူများအတွက် ထုတ်ပေးသည့် သင်တန်းအထောက်အကူ ပစ္စည်းများ နှင့် လက်ကမ်းစာစောင်များကို လေ့လာခဲ့ပါသည်။ ၄င်းနောက် လူမှုရေးဝန်ကြီး၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖြန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်မှုဆင့်ပွားသင်တန်းကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းအဖွဲ့ MCCDDM တို့ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလ (၅) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူဦးရေ (၃၀) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events