Author Archives: Hlaing ChoOo
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အဝေရာလမ်းတွင် (၂၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ လူဦးရေ (၁၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၁,၅၀၀) ကျပ်၊ ရေသန့်ကဒ် (၁၂) ကဒ်နှင့် … Read more
-
ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက်အား ပြည်သူလူထု/ဌာနဆိုင်ရာများသို့ အသိပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (ရခိုင်ပြည်နယ်ဦးစီးမှူးရုံး) နှင့် UN VOLUNTEERS အဖွဲ့အစည်းတို့ ပူးပေါင်းပြီး (၂၅-၄-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမ၌ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက်အား ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့ အသိပေးခြင်းအခမ်းအနားသို့ ဌာနဆိုင်ရာမှ တက်ရောက်သူ (၁၈) ဦးနှင့် သင်တန်းသူ/သင်တန်းသား (၃၉) ဦး တက်ရောက်ခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာ၊ အခွန်ဝန်ကြီး ဦးကျော်အေးသိန်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သင်တန်းဖွင့်လှစ်ရခြင်း၏ … Read more
-
ဂန့်ဂေါမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်းများအား ထောက်ပံ့မှုသတင်း
(၂၂-၄-၂၀၁၇) ရက်နေ့ (၁၆:၁၅) နာရီအချိန်၌ ဂန့်ဂေါမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၁၃) စုမှ လူနေအိမ် (၂၄၀) လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း (၅) ကျောင်း အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေးသင့်အိမ်များနှင့် ဘုန်းကြီးကျောင်းများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၂၄၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၅၀,၀၀၀) နှုန်းဖြင့် (၁၂၀) သိန်း၊ လူဦးရေ (၁,၀၆၉) ဦးအတွက် ဆန်ရိက္ခာဖိုး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ သန္တိသုခ ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၂၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
(၁၂-၄-၂၀၁၇) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်၌ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာအုပ်စု၌ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၅) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ဒေသသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကမှူး၊ မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာ၊ Family Kids (၅) စုံ၊ ခေါင်းအုံး … Read more
-
သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ပဒါန်းခိုကျေးရွာသို့ ဂါလံ (၁၀၀၀) ဆန့် ရေသယ်ယာဉ် (၂)စီး၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါပေါ်ကူးကျေးရွာများသို့ ဂါလံ (၄၀၀) ဆန့် ရေသယ်ယာဉ် (၂) စီး၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါခလိုဒူကျေးရွာသို့ ဂါလံ (၄၀၀) ဆန့် ရေသယ်ယာဉ် (၃) စီး စုစုပေါင်း ရေသယ်ယာဉ် (၇) စီးနှင့် ရေသန့်ဆေးထုပ်များကို (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁၈၉) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၇၈၀,၀၀၀) ကျပ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို (၁၁-၄-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကလေးခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်ပြီး ကလေးမြို့နယ် စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး … Read more
-
အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦး တင်ဆောင်လာသော စက်လှေနစ်မြုပ်မှု ကနဦးသတင်း
ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကြီးအား ဖူးမျှော်ရန်အတွက် အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦး တင်ဆောင်လာသော စက်လှေ (အမည်မရှိ) သည် (၁၃-၄-၂၀၁၇) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်ခန့်အကွာ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာအနီး၌ စက်လှေပန်ကာမှာ ငါးဖမ်းပိုက်ကြိုးဖြင့် ငြိ၍ တိမ်းမှောက်ခဲ့ပါသည်။ အဆိုပါ စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦး အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေးခဲ့ပြီး (၇) ဦးသေဆုံးကာ (၁) ဦးမှာ … Read more
