Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ပေါ်၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၅၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၅)၊ ကြက်မောက်လမ်း၌ သွပ်မိုးထရံကာ နေအိမ် (၁) လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများနှင့် အတူသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ (၁၁-၅-၂၀၁၇) ရက်နေ့မှ (၁၄-၅-၂၀၁၇) ရက်နေ့ထိ ဖြစ်ပွားခဲ့သောဖြစ်စဉ်များကြောင့် တိုက်ပွဲရှောင် အိမ်ထောင်စု (၈၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၂၈၄) ဦးအတွက် တစ်ဦးလျှင် ဆန် (၇) ရက်စာ (၂,၁၀၀) နှုန်းဖြင့် စုစုပေါင်း( ၅၉၆,၄၀၀) ကျပ်တို့အား (၁၅ -၅ – ၂၀၁၇) နေ့ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကောလင်းဒေသ ရေဘေးကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

    မြန်မာနိုင်ငံတစ်ဝှမ်း သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော ဖွ့ံဖြိုးတိုးတက်မှုရရှိစေ ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အခြားဆက်နွယ် ပတ်သတ်သူများနှင့် အတူလက်တွဲပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။၂၀၁၇ ခုနှစ် မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသော မိုးတိမ်တောင်နှင့် စိုက်ဆင်းလေပြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်း သက်သာစေရေးအတွက် ဆောင်ရွက်မှုတစ်ခုအနေဖြင့် နှစ်စဉ်ဆုံးရှုံးမှုများပြားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိမြို့နယ်အချို့တွင် အိုးအိမ်များလေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိစေရေးပြင်ဆင်အားဖြည့်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများအား လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်နည်းတူမိုးတွင်းကာလတွင်ရေကြီး/ရေလျှံမှုကြောင့်ဆုံးရှုံးထိခိုက်မှုလျော့နည်းစေရေးလိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်လျှက်ရှိပါသည်။ ယင်းကဲ့သို့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် နှစ်စဉ်ရေဘေးကြုံတွေ့နေရသည့် ကောလင်းဒေသတွင်ရေဘေးကြိုတင်ပြင်ဆင်ရေးအလုပ်ရုံဆွေးနွေးပွဲအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်တို့မှဦးဆောင်၍ … Read more

  • လေဘေးနှင့် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ ဆင်ကူးအရှေ့စုကျေးရွာတွင် (၁၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်  ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ  Family Kits  (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀)၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်နှင့် ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာ၌်(၁၄ – ၅ … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်းရှိ ကြာရှည်ကျေးရွာ၊ ချောင်းသစ်ကျေးရွာ၊ဆင်အိုးချေကျေးရွာနှင့် ရွာမနီကျေးရွာတို့၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၀) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပါသည်။ လုံးဝပျက်စီးအိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့်  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၀) အိမ်ထောင်စာတို့အား (၁၃-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံပေးပြီးဖြစ်ပါသည်။ လုံးဝပျက်စီးလူနေအိမ် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ သရက်အုပ်ကြီးကျေးရွာ၌ (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၂) လုံး တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ်တို့အား ဟင်္သာတခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာနေရာသို့ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် တရုတ်နိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရာ အလုပ်ရှင်မှ လုပ်အားခမပေးပဲ နယ်စပ်တွင် ထားရှိခဲ့သော မြန်မာနိုင်ငံသား ကျား (၄) ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာ (၇) ရက်စာအား (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး (၉-၅-၂၀၁၇) ရက်နေ့တွင် မူရင်းနေရပ်ဒေသဖြစ်သော ရှမ်းမြောက်ပိုင်း၊ နမ့်ဆန်မြို့သို့ ပို့ဆောင်ပေးပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ကဇန်းချောင်းကျေးရွာ၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၆၀၀,၀၀၀) ကျပ်၊ အမိုးလန် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ၌ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ သံကလောင်ကျေးရွာနေပြည်သူလူထု (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

Sign Up

Upcoming Events