ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ပေါ်၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်အိမ်ခြေ (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၅၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)