ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်းရှိ ကြာရှည်ကျေးရွာ၊ ချောင်းသစ်ကျေးရွာ၊ဆင်အိုးချေကျေးရွာနှင့် ရွာမနီကျေးရွာတို့၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၀) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပါသည်။ လုံးဝပျက်စီးအိမ် (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၀) အိမ်ထောင်စာတို့အား (၁၃-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံပေးပြီးဖြစ်ပါသည်။ လုံးဝပျက်စီးလူနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၂၅,၀၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၀၂,၉၀၀) ကျပ်၊ စုစုပေါင်း (၆၇၇,၉၀၀) ကျပ်တို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)