ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၁၆) ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် တရုတ်နိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရာ အလုပ်ရှင်မှ လုပ်အားခမပေးပဲ နယ်စပ်တွင် ထားရှိခဲ့သော မြန်မာနိုင်ငံသား ကျား (၄) ဦး၊ မ (၅) ဦး၊ စုစုပေါင်း (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာ (၇) ရက်စာအား (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး (၉-၅-၂၀၁၇) ရက်နေ့တွင် မူရင်းနေရပ်ဒေသဖြစ်သော ရှမ်းမြောက်ပိုင်း၊ နမ့်ဆန်မြို့သို့ ပို့ဆောင်ပေးပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)