ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ၌ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ သံကလောင်ကျေးရွာနေပြည်သူလူထု (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)