ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ကဇန်းချောင်းကျေးရွာ၌ (၁၂-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၆၀၀,၀၀၀) ကျပ်၊ အမိုးလန် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၈,၇၀၀) ကျပ်၊ စုစုပေါင်း (၇၉၈,၇၀၀) ကျပ်တို့အား (၁၄-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)