Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ အောင်ဘိုင်ရွာ၌ (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအား (၂၃-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခန်းပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျေးရွာပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပြီး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ခြင်း၊ ရေဘေးရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံ(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ သဲအိမ်တမံကျေးရွာအုပ်စု၊ ပုလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ပြန်လည်ထူထောင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ပြီး ဆောင်ရန်/ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ဘေးသင့်ခဲ့သော သွပ်မိုး/ပျဉ်ကာ လုံးဝပျက်စီးနေအိမ် (၅) လုံးအတွက် တစ်အိမ်လျှင် (၂၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၀၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၆၀) လုံးအတွက် တစ်အိမ်လျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၈,၀၀၀,၀၀၀) ကျပ်၊သွပ်မိုး/ထရံကာ လုံးဝပျက်စီးနေအိမ် (၉၀) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၉,၀၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၅၇) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၇,၁၄၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ် (၃၈) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၈၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁၈၇) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၃,၇၄၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၆၅) ကျောင်းအတွက် တစ်ကျောင်းလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၆,၅၀၀,၀၀၀) ကျပ် စုစုပေါင်း (၁၄,၀၄၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကယ်ဆယ်ရေးပစ္စည်းထပ်မံထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် အောင်ဆိပ်ကျေးရွာတို့၌ (၁၂-၆-၂၀၁၇) ရက်နေ့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ထောင်စု (၃၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၆၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၁၉,၂၀၀) ကျပ် စုစုပေါင်း (၄,၉၁၉,၂၀၀) ကျပ်တို့အား (၁၃-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ (၂၂-၆-၂၀၁၇) ရက်နေ့တွင် အဆိုပါ ဘေးသင့်အိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးအား ထပ်မံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ငှက်တော်ကုန်းကျေးရွာ၌ (၁၈-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၂,၉၀၀)ကျပ် စုစုပေါင်း (၁,၅၀၂,၉၀၀) ကျပ်တို့အား ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၂၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုကျေးရွာတွင် (၂၁-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ရသည့် ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀) ကျပ်၊ စုစုပေါင်း (၅,၄၂၀,၀၀၀) ကျပ်တို့အား (၂၂-၆-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၇) ရက်နေ့တွင် မိုင်းရယ်မြို့နယ်၊ မန်ပုံကျေးရွာ၌ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ အင်အား (၇၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ သံသရာအေးဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၈) ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များပေးအပ်ခြင်းနှင့် မုန်တိုင်းအသိပညာပေးဗီနိုင်များကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
