သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရေဘေးရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခန်းပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျေးရွာပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပြီး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ခြင်း၊ ရေဘေးရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source:            ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံ(ကဆရ)

Sign Up

Upcoming Events