ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ သံသရာအေးဘုန်းတော်ကြီးပညာသင်ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၈၈) ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များပေးအပ်ခြင်းနှင့် မုန်တိုင်းအသိပညာပေးဗီနိုင်များကိုလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)