Author Archives: Hlaing ChoOo

  • ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

    ၇-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Red Cross Movement မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် မောင်တောဒေသ ARSA အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘေးသင့်ပြည်သူများအား ထိရောက်မြန် ဆန်သည့် ထောက်ပံ့ကူညီမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက အဆိုပါ ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မောင်တောဒေသဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများ အားလုံးအတွက် ထောက်ပံ့မှုများ အမြန်ဆုံးရောက်ရှိရေးအတွက် ဆောင်ရွက် လျက်ရှိရာ အစိုးရဦးဆောင် မှုဖြင့် … Read more

  • စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာအတွင်း တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ပျက်စီးအိမ်ခြေ (၇၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇,၄၀၀,၀၀၀) ကျပ်၊ ရေဘေးသင့်လူဦးရေ (၃၅၄) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၇၄၃,၄၀၀) ကျပ်နှင့် လုံးဝပျက်စီးအိမ်ထောင်စု (၅၈) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ တစိတ်တပိုင်း ပျက်စီးအိမ်ထောင်စု (၁၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၇-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

    နေပြည်တော် စက်တင်ဘာ ၆ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ (၇-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျံဒိုးမြို့ အမှတ် (၂) ရပ်ကွက် အေးစေတီဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝေလှေကျေးရွာ၌ (၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၇) ရက်စာ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၃၀၀) ကျပ်တို့အား (၆-၉-၂၀၁၇) ရက်နေ့တွင် တာချီလိတ်မြို့နယ် ထွေအုပ်ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:        … Read more

  • စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း

      မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာအတွင်း တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား မီးသတ်အဖွဲ့၊ ကြက်ခြေနီနှင့် ဒေသခံလူမှုအဖွဲ့အစည်းများမှ ကူညီရွှေ့ပြောင်းလျက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေသန့် ဆေးထုပ် (၁,၈၈၀) ထုပ်နှင့် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့မှ ရေသန့်ကဒ် (၂၀၀) ကဒ်၊ ခေါက်ဆွဲဖာ (၆) ဖာတို့အား လက်တလောလိုအပ်ချက်များအရ (၆-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ဆက်လက်၍ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် လုံးဝပျက်စီး အိမ်ခြေ (၅၈) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ မြေနီတောင်ကျေးရွာ၌ (၂၇-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၆-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:             မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events