စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း

 

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာအတွင်း တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ပျက်စီးအိမ်ခြေ (၇၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇,၄၀၀,၀၀၀) ကျပ်၊ ရေဘေးသင့်လူဦးရေ (၃၅၄) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၇၄၃,၄၀၀) ကျပ်နှင့် လုံးဝပျက်စီးအိမ်ထောင်စု (၅၈) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ တစိတ်တပိုင်း ပျက်စီးအိမ်ထောင်စု (၁၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား (၇-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:          မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events