မီးဘေးထောက်ပံ့မှုသတင်း

 

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝေလှေကျေးရွာ၌ (၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၇) ရက်စာ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၃၀၀) ကျပ်တို့အား (၆-၉-၂၀၁၇) ရက်နေ့တွင် တာချီလိတ်မြို့နယ် ထွေအုပ်ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:             ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events