မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၌ (၆-၉-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေကျဆင်းမှုကြောင့် နေအိမ် (၅၈) လုံးမျောပါပျက်စီး ခဲ့ပြီး၊ နေအိမ် (၁၆) လုံး တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသ ကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါ လျှပ်တပြက်ရေဘေးဖြစ်စဉ် ကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၇၄) စုမှ လူဦးရေ (၃၅၄) ဦးတို့ကို (၆-၉-၂၀၁၇) ရက်နေ့တွင် စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၊ ဒေသခံအရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်အတူ ဘေးလွတ် ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါသည်။ ဆက်လက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၇၄၃,၄၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၄၀၀,၀၀၀)၊ စုစုပေါင်း (၈,၁၄၃,၄၀၀) (ကျပ်ရှစ်ဆယ့်တစ်သိန်းလေးသောင်း သုံးထောင့် လေးရာတိတိ)၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရေသန့်ဆေး (၁၈၈၀) ထုပ်တို့အား (၇-၉-၂၀၁၇) ရက်နေ့တွင် ဘေးဖြစ် ဒေသသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယ်ဆယ်ရေးဌာန