စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း

 

7 Pic 02

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာအတွင်း တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား မီးသတ်အဖွဲ့၊ ကြက်ခြေနီနှင့် ဒေသခံလူမှုအဖွဲ့အစည်းများမှ ကူညီရွှေ့ပြောင်းလျက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေသန့် ဆေးထုပ် (၁,၈၈၀) ထုပ်နှင့် သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့မှ ရေသန့်ကဒ် (၂၀၀) ကဒ်၊ ခေါက်ဆွဲဖာ (၆) ဖာတို့အား လက်တလောလိုအပ်ချက်များအရ (၆-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ဆက်လက်၍ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် လုံးဝပျက်စီး အိမ်ခြေ (၅၈) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၈၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၂၇၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၇၅,၄၀၀) ကျပ်နှင့် အိမ်ထောင်စု (၅၈) စုအတွက် Family Kit (၅၈) ပုံးတို့ကို ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:            မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events