ရခိုင်ပြည်နယ်ကူညီထောက်ပံ့ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

8 Pic 02

၇-၉-၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Red Cross Movement မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ် မောင်တောဒေသ ARSA အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘေးသင့်ပြည်သူများအား ထိရောက်မြန် ဆန်သည့် ထောက်ပံ့ကူညီမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက အဆိုပါ ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မောင်တောဒေသဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများ အားလုံးအတွက် ထောက်ပံ့မှုများ အမြန်ဆုံးရောက်ရှိရေးအတွက် ဆောင်ရွက် လျက်ရှိရာ အစိုးရဦးဆောင် မှုဖြင့် Red Cross Movement အဖွဲ့တို့ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လတ်တလောအဓိက လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များအား သိရှိ အောင်ကြိုးပမ်းပြီး အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး အတွက် အကောင်းဆုံး နည်းလမ်းများ ဖော်ထုတ်ပြီးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယခုလို ဆွေးနွေး ညှိနှိုင်းရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ Red Cross Movement အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် စီစဉ်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြပါသည်။

အစည်းအဝေးတွင် ကြက်ခြေနီလှုပ်ရှားမှုမှ စေတနာဝန်ထမ်းများအား လုံခြုံရေးဆောင်ရွက် ပေးရေး၊ Cash Transfer & Relief Assistance ဆောင်ရွက်ရာတွင် အကျိုးခံစားခွင့်ရှိသူများ မထပ်စေရေး၊ Timeframe ထားရှိပြီး  နေ့စဉ်ဆာင်ရွက်မည့် အစီအစဉ်လျာထားရေး၊ Psycho Social  Support လုပ်ငန်းစဉ်များအား ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events