Author Archives: Hlaing ChoOo
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော ခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ကာ မြောက်ဦးမြို့နယ်အတွင်းရှိ ဘုရားပေါ် ဓမ္မာရုံ၌ ခိုလှုံနေသော အိမ်ထောင်စု (၁၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အားလည်းကောင်း၊ ပါးတော်ကျေးရွာ၌ ခိုလှုံနေသော အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအားလည်းကောင်း (၁၄-၉-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
Training on Capacity Building of CSO Members သင်တန်းတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချမှုသတင်း
(၁၄-၉-၂၀၁၇) ရက်နေ့တွင် သီပေါမြို့၊ ရတနာရွှေဂူကျောင်းတိုက်တွင် Christian aid and GLAD စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော Training on Capacity Building of CSO Members သင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ သဘာဝဘေးဖြစ်ပွားလာလျှင် ဆောင်ရွက်ရမည့် အချက်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၌ ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ DM Law အကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၃-၉-၂၀၁၇) ရက်နေ့အထိ သင်တန်းသား (၃၀) ဦးဖြင့်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ် စဉ် (၁/၂၀၁၇) အား (၁၃-၉-၂၀၁၇) ရက်နေ့ (၁၅း၃၀) နာရီအချိန် ခရိုင် ဦးစီးမှူးရုံးခန်းမ၌ သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်တောင်ယာကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာ၌ (၁၁-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀) ကျပ်တို့အား (၁၃-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နွားခြံအုပ်စု၊ သဲဖြူကျေးရွာတွင် (၇-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲအိမ်ခြေ (၂) လုံး၊ အမိုးလန် အိမ်ခြေ (၁၁) လုံး၊ လူဦးရေ (၆၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၂၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂၈,၁၀၀) ကျပ်တို့အား (၁၃-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်အုပ်စု၊ ကျွဲသောင်ကျေးရွာ၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းရွာ၊ ရွှေပြည်သာရွာ၊ ခွေးတောက်ချောင်း အုပ်စု၊ ခွေးတောက်ချောင်းရွာ၊ ညောင်ကုန်းရွာ၊ နံကပ်ကြီးရွာ၊ နံကပ်ပြင်စုရွာ၊ လန်တာရွာတို့တွင် (၂၁-၇-၂၀၁၇)ရက်နေ့မှ (၁၂-၉-၂၀၁၇) ရက်နေ့အထိဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၇၂) လုံး၊ အိမ်ထောင်စု (၇၂) စု၊ လူဦးရေ (၂၆၈) ဦး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၇၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၀၀,၀၀၀) … Read more
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့နှင့် (၁၀-၉-၂၀၁၇) ရက်နေ့တို့တွင် သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ထပ်မံရောက်ရှိခိုလှုံနေသည့် နေရပ်စွန့်ခွာ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးအတွက် ဆန် (၁၅) ပြည် (၆) ဘူး ၊ ဆီ (၁) ပိဿာ၊ ပဲ (၁) ပိဿာ၊ ဆား (၅၀) သားတို့အား (၁၄-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့နှင့် (၉-၉-၂၀၁၇) ရက်နေ့တို့တွင် တောင်ကုတ်မြို့နယ်၊ ဂျီဝကျေးရွာအုပ်စု၊ ဟုန်းပေါက်ကျေးရွာသို့ ခိုလှုံလျက်ရှိသည့်နေရပ်စွန့်ခွာ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၃၄) ဦးအတွက် ဆန် (၂) အိတ် (၁၁) ပြည် (၄) ဘူး ၊ ဆီ (၅) ပိဿာ (၅၀) သား၊ ပဲ (၅) ပိဿာ (၅၀) သား၊ ဆား (၅) ပိဿာ (၅၀) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ
၁၃-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သောအဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်မတွင် ယနေ့နံနက် ပိုင်းကလာရောက်တွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာတွင် သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီး ရခိုင်ပြည်နယ်သို့မကြာခဏ သွားရောက်ပြီး ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို သတိပြုမိပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီတွင် ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့်အတွက် ဂုဏ်ပြုပါကြောင်း၊ တာဝန်ကြီးလေးမည်ဟု ယူဆပါ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိတ်ဆွေမြန်မာနိုင်ငံ အခက်အခဲဖြစ်ချိန် … Read more
