ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော ခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ကာ မြောက်ဦးမြို့နယ်အတွင်းရှိ ဘုရားပေါ် ဓမ္မာရုံ၌ ခိုလှုံနေသော အိမ်ထောင်စု (၁၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အားလည်းကောင်း၊ ပါးတော်ကျေးရွာ၌ ခိုလှုံနေသော အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအားလည်းကောင်း (၁၄-၉-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:           မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events