ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၃-၉-၂၀၁၇) ရက်နေ့အထိ သင်တန်းသား (၃၀) ဦးဖြင့်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ် စဉ် (၁/၂၀၁၇) အား (၁၃-၉-၂၀၁၇) ရက်နေ့ (၁၅း၃၀) နာရီအချိန် ခရိုင် ဦးစီးမှူးရုံးခန်းမ၌ သင်တန်းဆင်းပွဲကျင်းပ ပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)