ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့နှင့် (၉-၉-၂၀၁၇) ရက်နေ့တို့တွင် တောင်ကုတ်မြို့နယ်၊ ဂျီဝကျေးရွာအုပ်စု၊ ဟုန်းပေါက်ကျေးရွာသို့ ခိုလှုံလျက်ရှိသည့်နေရပ်စွန့်ခွာ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၃၄) ဦးအတွက် ဆန် (၂) အိတ် (၁၁) ပြည် (၄) ဘူး ၊ ဆီ (၅) ပိဿာ (၅၀) သား၊  ပဲ (၅) ပိဿာ (၅၀) သား၊  ဆား (၅) ပိဿာ (၅၀) သား တို့အား (၁၃-၉-၂၀၁၇) ရက်နေ့တွင် ဟုန်းပေါက်ကျေးရွာမူလတန်းကျောင်းတွင် ဂျီဝကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events