ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၁၇) ရက်နေ့နှင့် (၁၀-၉-၂၀၁၇) ရက်နေ့တို့တွင် သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ထပ်မံရောက်ရှိခိုလှုံနေသည့် နေရပ်စွန့်ခွာ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးအတွက် ဆန် (၁၅) ပြည် (၆) ဘူး ၊ ဆီ (၁) ပိဿာ၊ ပဲ (၁) ပိဿာ၊ ဆား (၅၀) သားတို့အား (၁၄-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)