(၁၄-၉-၂၀၁၇) ရက်နေ့တွင် သီပေါမြို့၊ ရတနာရွှေဂူကျောင်းတိုက်တွင် Christian aid and GLAD စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်သော Training on Capacity Building of CSO Members သင်တန်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုများ၊ သဘာဝဘေးဖြစ်ပွားလာလျှင် ဆောင်ရွက်ရမည့် အချက်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၌ ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ DM Law အကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/ အသုံးပြုနည်းများအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)