ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျွဲသောင်အုပ်စု၊ ကျွဲသောင်ကျေးရွာ၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းရွာ၊ ရွှေပြည်သာရွာ၊ ခွေးတောက်ချောင်း အုပ်စု၊ ခွေးတောက်ချောင်းရွာ၊ ညောင်ကုန်းရွာ၊ နံကပ်ကြီးရွာ၊ နံကပ်ပြင်စုရွာ၊ လန်တာရွာတို့တွင် (၂၁-၇-၂၀၁၇)ရက်နေ့မှ (၁၂-၉-၂၀၁၇) ရက်နေ့အထိဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၇၂) လုံး၊ အိမ်ထောင်စု (၇၂) စု၊ လူဦးရေ (၂၆၈) ဦး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၇၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၆၂,၈၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၅၆၂,၈၀၀) ကျပ်တို့အား (၁၃-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events