Author Archives: Hlaing ChoOo
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း
နေပြည်တော် ၊ သြဂုတ်လ ၁၅ ရက် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသား စုများက အလှူငွေကျပ် (၁၄၇) သိန်းကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကလည်းကောင်း၊ မန္တလေးမြို့ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) က အလှူငွေကျပ် (၂၀၄) သိန်းကို မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဥက္ကဌ၊ ဦးသက်တင်ဦးဆောင်သော အဖွဲ့ကလည်းကောင်း၊ သက်ကြီးရွယ်အို ကျန်းမာရေး ကူညီစောင့်ရှောက်ထောက်ပံ့ရေး-ဝန်ဇင်းမေတ္တာရှင်အဖွဲ့၊ (မိတ္ထီလာမြို့) က ငွေကျပ်(၄၀,၂၀၀/-) တန်ဖိုးရှိ ခေါက်ဆွဲခြောက် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဒက္ခိဏသီရိ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ရပ်မိ/ ရပ်ဖများ စုစုပေါင်း လူဦးရေ (၁၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_aug2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၅-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၃၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများ ဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk_simex #npw_aug2018
-
ထူးကဲဒီရေမြင့်တက် လှိုင်းပုတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ပင်လယ်ကမ်းစပ်နေ ရေဘေးသင့် ပြည်သူ (၁၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၈၂၀၀/-)ကျပ်၊ ဘေးသင့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ တို့အား (၁၅-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) … Read more
-
ထူးကဲဒီရေမြင့်တက် လှိုင်းပုတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာနှင့် ညောပြင် ကျေးရွာ တို့၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၆) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၁၆၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅၀,၇၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) … Read more
-
ထူးကဲဒီရေမြင့်တက် လှိုင်းပုတ်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင် ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄)အိမ်ထောင်စာနှင့် လူဦး ရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ချင်းတွင်းမြစ်ရေတက်မှုကြောင့် ယာယီပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာ အုပ်စု၊ ညောင်တောကျေးရွာ၊ ညောင်တော(မ) ကျေးရွာနှင့် ရှစ်အိမ်တန်းကျေးရွာတို့၌ (၉-၈-၂၀၁၈) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်နှင့် (၁၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တို့တွင် ချင်းတွင်းမြစ်ရေ မြင့််တက်မှုကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၅၅) လုံး၊ အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၁၉၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၁၅,၈၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) … Read more
-
ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက်ကျေးရွာအုပ်စု၊ တလုတ်ကုန်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ လှည်းလမ်းတက်ကျေးရွာအုပ်စု၊ တလုတ်ကုန်း ကျေးရွာ၌် (၁၄-၈-၂၀၁၈) နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးသွားသော အိမ်ခြေ (၁) လုံး၊ လူဦးရေ (၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၂,၁၀၀/-) ကျပ်တို့အား (၁၄-၈ -၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ … Read more
-
သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းနှင့် သဘာဝဘေးလုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်း
မုံရွာ ၊ သြဂုတ်၊ ၁၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ချင်းတွင်းမြစ်မြစ်ရေလျှံခြင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော မုံရွာမြို့ ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေးတာတမံပိုမိုအဆင့်မြှင့်တင်ရန်လိုအပ်မှုအခြေအနေများကို လိုက်လံကြည့်ရှုခြင်းနှင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆွေးနွေး ခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုလိုတွေ့ဆုံရခြင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေး ကျရောက်နိုင်မှု အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း၊ ဘေးကျရောက်လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ပြည်သူများ၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈) ရက်နေ့(၁၀း၀၀) နာရီအချိန်၌ မကွေး မြို့နယ်၊ အမှတ် (၅) စက်မှုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်လျက်ရှိသော ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းဘေး အကြောင်းသိကောင်းစရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_aug2018
