လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာ အုပ်စု၊ ညောင်တောကျေးရွာ၊ ညောင်တော(မ) ကျေးရွာနှင့် ရှစ်အိမ်တန်းကျေးရွာတို့၌ (၉-၈-၂၀၁၈) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်နှင့် (၁၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တို့တွင် ချင်းတွင်းမြစ်ရေ မြင့််တက်မှုကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၅၅) လုံး၊ အိမ်ထောင်စု (၅၅) စု၊ လူဦးရေ (၁၉၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၁၅,၈၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) ရက်နေ့တွင် ညောင်တောကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha-fld
#mgy_aug2018