လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင် ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေမြင့်တက်၍ လှိုင်းပုတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၄) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄)အိမ်ထောင်စာနှင့် လူဦး ရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha-fld
#tny_aug2018