Author Archives: Hlaing ChoOo

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ FED တို့နှင့် ပူးပေါင်း၍ (၆-၉-၂၀၁၈) ရက်နေ့တွင် ရွှေမင်းဝန်ရပ်ကွက် အ.လ.က (ခွဲ) နှင့် အ.ထ.က (၂) မှ ကျောင်းသား/သူများအား သဘာဝဘေးနှင့် ပတ်သက်၍အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2018

  • မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် (၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ယာယီရွှေ့ပြောင်းခဲ့ရသည့် ကန်သာယာ ရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ အိမ်ထောင်စု (၇၆) စု၊ လူဦးရေ (၃၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃၂,၁၀၀/-) ကျပ်တို့အား (၆-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_sep2018

  • ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်ထိ တာလေမြို့နယ်၊ ပါလိုင် အ.လ.က (ခွဲ)ကျောင်း၌ လူဦးရေ (၁၀၀) ဦးခန့်အား ငလျင်ဘေးနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_sep2018

  • ငလျင်ဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ ဌာနဆိုင်ရာများနှင့် ပြည်သူ လူထု စုစုပေါင်း (၁၀၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ygn_sep2018

  • သံလွင်မြစ်ရေတက်မှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၈) ရက်နေ့ ဖားဆောင်းမြို့နယ်အတွင်း၌ သံလွင်မြစ်ရေ တက်မှုကြောင့် မြစ်ကမ်းအနီးနေထိုင်သော အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၃၈) ဦး၊ မြောက်ပိုင်းရပ်ကွက်မှ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၀) ဦး၊ တောင်ပိုင်းရပ်ကွက်မှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦး၊ ဝမ်းအောင်း ရှမ်းကျေးရွာမှ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၅) ဦး၊ … Read more

  • ASEM Global Ageing Center နှင့် သက်ကြီးရွယ်အိုဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုသတင်း

    စက်တင်ဘာ၆၊ နေပြည်တော် အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာညီလာခံဒုတိယနေ့ အစီအစဉ်များကို ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် ဆက်လက်ကျင်းပရာ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆက်လက်တက်ရောက် ပါဝင် ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အာရှ-ဥရောပအဖွဲ့ဝင်နိုင်ငံများအတွင်း သက်ကြီးရွယ်အိုများအား ရေရှည်စောင့်ရှောက်မှု၊ နိုင်ငံအလိုက် အရည်အသွေး၊ နည်းပညာ၊ နည်းစနစ်များပိုမိုကောင်းမွန်စေရေး၊ သက်ကြီးရွယ်အိုများအား လူမှု စီးပွားရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်ရရှိရေးတို့တွင် လစ်လျူရှုခြင်းနှင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရေး၊ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုသက်ကြီးရွယ်အိုများကိုယ်တိုင်နှင့် စောင့်ရှောက် ကူညီ … Read more

  • အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ပိုမို အားကောင်းလာကာ၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါ(Digha)မြို့၏ အရှေ့- အရှေ့မြောက်ဘက် မိုင်(၃၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ အာကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၆-၉-၂၀၁၈) ရက်နေ့ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏသီရိ မြို့နယ်၊ ဒိုးနွယ်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား (၁၇၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_Sep2018

Sign Up

Upcoming Events