ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုသတင်း

7 Pic 03 7 Pic 04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့တွင် (၈/၂၀၁၈) တွင် ဖြစ်ပွားခဲ့သည့် လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေတို့ကို မြို့နယ်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၆ – ၉ – ၂၀၁၈) ရက်နေ့တွင် အောက်ပါအတိုင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်-
(၁) ပန်းတနော်မြို့နယ် အင်းမကျေးရွာအုပ်စု အင်းမစက်ဘက်ကမ်းကျေးရွာ၌ (၁၅ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၂,၁၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၂,၁၀၀/-) ကျပ်အားလည်းကောင်း၊
(၂) ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ အင်းမစက်ဘက်ကမ်းကျေးရွာ၌ (၂၀- ၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၈,၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၈,၄၀၀/-)အားလည်းကောင်း၊
(၃) ပန်းတနော်မြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ သုံးခွကျေးရွာ၌ (၂၀ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၈,၉၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၈,၉၀၀/-)ကျပ်အားလည်းကောင်း၊
(၄) ပန်းတနော်မြို့နယ်၊ ခနွှဲကဘိုကျေးရွာအုပ်စု၊ ကျခတ္တာကျးရွာ၌ (၂၀- ၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၄) လုံးနှင့် တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး စုစုပေါင်းနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ (ပြိုကျ)၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ (တစ်စိတ်တစ်ပိုင်း) အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၆,၂၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၉၆,၂၀၀/-)ကျပ်အားလည်းကောင်း၊
(၅) ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်းတောနှင့် ကုလားမချောင်ကျေးရွာတို့၌ (၁၆ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂၅) လုံး အိမ်ထောင်စု (၂၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂,၅၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၆၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၃၄၄,၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂,၈၄၄,၄၀၀/-)ကျပ်အားလည်းကောင်း၊
(၆) ပန်းတနော်မြို့နယ်၊ ကဿဝင်ကျးရွာအုပ်စု၊ ကျောင်းစုကျေးရွာတို့၌ (၁၆ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၁) လုံး အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၁၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၆၉) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၄၄,၉၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၂၄၄,၉၀၀/-) ကျပ်အားလည်းကောင်း၊
(၇) ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၌ (၁၆- ၈ -၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၇) လုံး အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၇၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၈,၈၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၇၅၈,၈၀၀/-) ကျပ်အားလည်းကောင်း၊
(၈) ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၌ (၂၈ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆) လုံး အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၂,၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၆၄၂,၀၀၀/-) ကျပ်အားလည်းကောင်း၊
(၉) ဓနုဖြူမြို့နယ်၊ ကနုကြီးကျေးရွာအုပ်စု၊ ရွှေဇင်ကျွန်းကျေးရွာ၌ (၁၃- ၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃၉) လုံး အိမ်ထောင်စု (၃၉) စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃,၉၀၀,၀၀၀/-) အားလည်းကောင်း
(၁၀) ဓနုဖြူမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နှင့် နန်းတော်ကုန်းကျေးရွာအုပ်၊ နန်းတော်ကုန်းကျေးရွာ၌ (၁၅ -၈ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၁) လုံး တစိတ်တပိုင်းပျက်စီးနေအိမ် (၇)လုံး စုစု ပေါင်းနေအိမ် (၈) လုံး အိမ်ထောင်စု (၈) စုအတွက် ထောက်ပံ့ရန်ကျန်ရှိသည့် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၇၁,၄၀၀/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၂၁,၄၀၀/-) ကျပ်အားလည်းကောင်း၊
(၁၁) ဓနုဖြူမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၌ (၂၃ – ၈ – ၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၆,၃၀၀/-) ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀၀/-) ကျပ်တို့အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_rbe
#ayy_Sep2018

Sign Up

Upcoming Events