မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် (၅-၉-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ယာယီရွှေ့ပြောင်းခဲ့ရသည့် ကန်သာယာ ရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ အိမ်ထောင်စု (၇၆) စု၊ လူဦးရေ (၃၀၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃၂,၁၀၀/-) ကျပ်တို့အား (၆-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#mon_sep2018

Sign Up

Upcoming Events