လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၈) ရက်နေ့ ဖားဆောင်းမြို့နယ်အတွင်း၌ သံလွင်မြစ်ရေ တက်မှုကြောင့် မြစ်ကမ်းအနီးနေထိုင်သော အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၃၈) ဦး၊ မြောက်ပိုင်းရပ်ကွက်မှ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၀) ဦး၊ တောင်ပိုင်းရပ်ကွက်မှ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦး၊ ဝမ်းအောင်း ရှမ်းကျေးရွာမှ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၅) ဦး၊ ခဲမဖြူကျေးရွာမှ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၃၃) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၃၃) ဦး ရေလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့မှုအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇၉၃၀၀/-) ကျပ်အား ထွေ/အုပ်မှ တာယန်ရှိသူထံသို့ (၆-၉-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#kyh_Sep2018