စက်တင်ဘာ၆၊ နေပြည်တော်
အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာညီလာခံဒုတိယနေ့ အစီအစဉ်များကို ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် ဆက်လက်ကျင်းပရာ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆက်လက်တက်ရောက် ပါဝင် ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် အာရှ-ဥရောပအဖွဲ့ဝင်နိုင်ငံများအတွင်း သက်ကြီးရွယ်အိုများအား ရေရှည်စောင့်ရှောက်မှု၊ နိုင်ငံအလိုက် အရည်အသွေး၊ နည်းပညာ၊ နည်းစနစ်များပိုမိုကောင်းမွန်စေရေး၊ သက်ကြီးရွယ်အိုများအား လူမှု စီးပွားရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်ရရှိရေးတို့တွင် လစ်လျူရှုခြင်းနှင့် ခွဲခြားဆက်ဆံမှုများ လျော့နည်းပပျောက်စေရေး၊ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုသက်ကြီးရွယ်အိုများကိုယ်တိုင်နှင့် စောင့်ရှောက် ကူညီ ပေးသူများသိရှိနားလည်စေရေး၊ ASEM အဖွဲ့ဝင်နိုင်ငံများအချင်းချင်း သက်ကြီးရွယ်အိုအခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သတင်းအချက်အလက်များမျှဝေရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများ သုတေသနပြု အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအခွင့်အရေး အပြည့် အဝရရှိ ရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့ကိုဦးတည်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ဆွေးနွေး ခဲ့ပြီး ဆုံးဖြတ်ချက်များချမှတ်ကာ ညနေပိုင်းတွင် အစည်းအဝေးပိတ်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း သက်ကြီးရွယ်အိုများ လူ့ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး၊ အခွင့်အရေးအပြည့် အဝရရှိနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ကြီးရွယ်အိုများအားပစ်ပယ်ခြင်း၊ အသုံးချစေ ခိုင်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ASEM Global Ageing Center နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#Korea_Sep2018