လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ FED တို့နှင့် ပူးပေါင်း၍ (၆-၉-၂၀၁၈) ရက်နေ့တွင် ရွှေမင်းဝန်ရပ်ကွက် အ.လ.က (ခွဲ) နှင့် အ.ထ.က (၂) မှ ကျောင်းသား/သူများအား သဘာဝဘေးနှင့် ပတ်သက်၍အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#tny_sep2018