လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်ထိ တာလေမြို့နယ်၊ ပါလိုင် အ.လ.က (ခွဲ)ကျောင်း၌ လူဦးရေ (၁၀၀) ဦးခန့်အား ငလျင်ဘေးနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာ ပေးဟောပြောခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#shn_sep2018