Author Archives: Hlaing ChoOo

  • မုန်တိုင်းအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ၌ မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_str #tny_Sep2018

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၈

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့မြန်မာစံတော်ချိန်  (၀၇:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ- မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ပူရီ(Puri)မြို့၏ အရှေ့တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း (က) အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၄) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၈)ဒီဂရီတွင်ရှိပြီး၊ … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

     မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ- (က) ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြန်မာ့ကမ်းရိုး တန်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ သတိပေးနှိုးဆော်ချက် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး လာရောက် တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ စက်တင်ဘာ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အိမ်ယာများ ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိဒုက္ခသည် စခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒုက္ခသည်များအား ပြန်လည် နေရာချ ထားရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဆင်ပြေစေရေးဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထား ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဒုက္ခသည်များ၊ … Read more

  • ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆို ပါအခမ်းအနားတွင် ရွေးချယ်ထားသော ကျောင်းသား/သူများကို ဦးစွာအသိပညာပေးဟောပြောပွဲနှင့် ငလျင် ဇာတ်တိုက် လုပ်ဆောင်ရန်အတွက် ဆင့်ပွားသင်ကြားပေးခဲ့ပြီး မနက်ပိုင်း အစီအစဉ်ရပ်နားခဲ့ကာ နေ့လယ်ပိုင်းတွင် ၎င်းဆင့်ပွားသင်တန်းသားများနှင့် စေတနာ့ဝန်ထမ်းလူငယ်များမှ စာသင်ခန်းများအတွင်း တဆင့်ပြန်လည်သင်ကြားပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ် ပညာရေးဦးစီးဌာနဌာန၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ရွှေပြည် သာမြို့နယ်၊ ဇီးကုန်းဘုန်းကြီးကျောင်း၌ ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_Sep2018

  • ချောက်မြို့နယ်၊သန်းကုန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောက်မြို့နယ်၊ သန်းကုန်းကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် သစ်ပင်ပိ ပြိုကျအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၁) စုစာတို့အား (၁၈-၉-၂၀၁၈) ရက်နေ့ (၁၂း၃၀) နာရီအချိန်တွင် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ရွှေရန်ပြေ အလက (ခွဲ) ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃၀၀) ဦးအား သဘာဝဘေး အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018

  • ရေဘေးဒဏ်ခံရသော ပြည်သူများအတွက် MITASU Company နှင့် ဝန်ထမ်းမိသားစုများက လာရောက်လှူဒါန်းမှုသတင်း

    စက်တင်ဘာလ၊ ၁၈၊ နေပြည်တော်။ MITASU Company နှင့်ဝန်ထမ်းမိသားစုများက ရေဘေးဒဏ်ခံရသော ပြည်သူများအတွက် အလှူငွေကျပ် လေးဆယ့်တစ်သိန်းငါးသောင်းတိတိကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများမှ လွဲှပြောင်းလက်ခံခဲ့ပါသည်။ အခမ်းအနားတွင် အလှူရှင် MITASU Company အထွေထွေမန်နေဂျာကအမှန်တကယ် လိုအပ်တဲ့ နေရာ တွေမှာ ထိထိရောက်ရောက် အကျိုးရှိစွာလှူဒါန်းနိုင်ရန်အတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လူငယ်များဦးဆောင်သောအဖွဲ့မှ ယခုလိုလာရောက်လှူဒါန်းတဲ့အတွက် ကျေးဇူး တင်ဝမ်းမြောက်ပါကြောင်း ပြည်သူကနေပြည်သူကို … Read more

Sign Up

Upcoming Events