ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး လာရောက် တွေ့ဆုံမှုသတင်း

နေပြည်တော်၊ စက်တင်ဘာ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် အိမ်ယာများ ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိဒုက္ခသည် စခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒုက္ခသည်များအား ပြန်လည် နေရာချ ထားရာတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဆင်ပြေစေရေးဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထား ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဒုက္ခသည်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရတို့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ UNHCR နှင့်ပူးပေါင်း၍ ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_Sep2018

 

Sign Up

Upcoming Events