လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ရွှေရန်ပြေ အလက (ခွဲ) ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃၀၀) ဦးအား သဘာဝဘေး အသိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းနှင့် ငလျင်ဘေး အန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_Sep2018