
စက်တင်ဘာ၊ ၁၈၊ နေပြည်တော်
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လာရောက်တွေ့ဆုံနှုတ်ဆက်ရာတွင် တာဝန်ထမ်း ဆောင်နေချိန်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် UEHRD မှတဆင့် ထိုင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် အခြေ အနေများကိုလည်းကောင်း၊ မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များ၊ ထိုင်း နိုင်ငံ ဘက်တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေး တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့၊ University of New South Wales၊ Founder of Football United Program မှ Mr. Anne Bunde-Birouste နှင့် ဒေါက်တာထွန်းအောင်ရွှေ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာ တွင် လူငယ်များအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်စေရန်၊မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင် ရေးဆောင်ရွက်ရန်၊ လူငယ်အချင်းချင်းချစ်ကြည်ရင်းနှီးမှုရပြီး ကျွမ်းကျင်မှုနှင့်စည်းလုံးညီညွတ်မှုတိုးတက်လာစေရန်၊ မိမိကိုယ်မိမိယုံကြည်မှုမြင့်မားလာစေရန်အတွက် ဘောလုံးအားကစားနည်းမှတဆင့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ရေးဆွဲအတည်ပြုပြီးဖြစ်သော လူငယ်မူဝါဒကိုအကောင်အထည်ဖော်ဆောင်ရေး မဟာဗျူဟာစီမံချက်များ ရေးဆွဲရာတွင် ဘောလုံးအားကစားနည်း အခြေပြုအစီအစဉ်များ ထည့်သွင်းနိုင်ရေး၊ လက်ရှိဆောင်ရွက်လျက်ရှိသော လူငယ်မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး မဟာဗျူဟာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကိစ္စရပ်များ၊ ဘောလုံးအားကစားနည်းမှတဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဗဟုသုတများ၊ လူမှုသဟဇာတ မျှတရေးဆိုင်ရာအတွေးအခေါ် အမူအကျင့်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များအား လူငယ်များသို့ ထိရောက်စွာ အသိ ပေးနိုင်ရေးဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018