လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က (၃) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆို ပါအခမ်းအနားတွင် ရွေးချယ်ထားသော ကျောင်းသား/သူများကို ဦးစွာအသိပညာပေးဟောပြောပွဲနှင့် ငလျင် ဇာတ်တိုက် လုပ်ဆောင်ရန်အတွက် ဆင့်ပွားသင်ကြားပေးခဲ့ပြီး မနက်ပိုင်း အစီအစဉ်ရပ်နားခဲ့ကာ နေ့လယ်ပိုင်းတွင် ၎င်းဆင့်ပွားသင်တန်းသားများနှင့် စေတနာ့ဝန်ထမ်းလူငယ်များမှ စာသင်ခန်းများအတွင်း တဆင့်ပြန်လည်သင်ကြားပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြို့နယ် ပညာရေးဦးစီးဌာနဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။
Source:ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#simex_eqk
#ayy_Sep2018