စက်တင်ဘာလ၊ ၁၈၊ နေပြည်တော်။
MITASU Company နှင့်ဝန်ထမ်းမိသားစုများက ရေဘေးဒဏ်ခံရသော ပြည်သူများအတွက် အလှူငွေကျပ် လေးဆယ့်တစ်သိန်းငါးသောင်းတိတိကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများမှ လွဲှပြောင်းလက်ခံခဲ့ပါသည်။
အခမ်းအနားတွင် အလှူရှင် MITASU Company အထွေထွေမန်နေဂျာကအမှန်တကယ် လိုအပ်တဲ့ နေရာ တွေမှာ ထိထိရောက်ရောက် အကျိုးရှိစွာလှူဒါန်းနိုင်ရန်အတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လူငယ်များဦးဆောင်သောအဖွဲ့မှ ယခုလိုလာရောက်လှူဒါန်းတဲ့အတွက် ကျေးဇူး တင်ဝမ်းမြောက်ပါကြောင်း ပြည်သူကနေပြည်သူကို ပြန်လည်လှူဒါန်းတဲ့ အလှူငွေများကိုလိုအပ်ချက်အရှိဆုံးနေရာ များတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိခဲ့ပါသည်။
#hl1
#hl2
#npw_Sep2018