Author Archives: Hlaing ChoOo

  • ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ လေးလံကျွန်း ကျေးရွာ၊ ရေလယ်သောင်ကျေးရွာနှင့် မြင်းကျွန်းကျေးရွာတို့၌ (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် ဧရာဝတီ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆၅) ဦးအတွက် … Read more

  • ပြည်သူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ငလျင်အသိပညာပေးပိုစတာများသွားရောက်ကပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်လျက် ငလျင်အသိပညာပေးပိုစတာများအား ယင်းမာပင် မြို့မဈေး၊ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးရှိ ဝဲ/ယာ သစ်ပင်များ၊ ဆေးရုံ၊ ကားဂိတ်၊ ထွေ/အုပ်နှင့် ပြန်/ဆက်ရုံးများတွင် သွားရောက်ကပ်ခဲ့ပြီး ကျောင်း သား/သူများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များသိရှိနိုင်စေရန် ငလျင်ဘေး ပိုစတာ အစောင်ရေ (၅၀) အား ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံးမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    နေပြည်တော်၊ နိုဝင်ဘာ ၁၂ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထအကြိမ်) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးအတွက် အစည်းအဝေးများ ကျင်းပခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် လူငယ်များရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များကိုယ်တိုင်ရေးဆွဲနေခြင်း ဖြစ်ကြောင်း၊ မူဝါဒတွင် ပါဝင်သည့် ကဏ္ဍ(၁၆)ခုသည် လူငယ်များရပ်တည်မှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိရောက်စွာအကောင်အထည် ဖော်ပါက အမှန်တကယ် ကောင်းမွန်သည့်ရလာဒ်များရရှိမည်ဖြစ်ပါကြောင်း၊ မူဝါများရေးဆွဲပြဌာန်း၍ … Read more

  • ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ၌ (၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၅၆,၇၀၀/-) ကျပ်တို့အား (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် … Read more

  • မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ရန်ကုန်၊ နိုင်ဝင်ဘာ ၁၂၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမြင်အာရုံချို့ယွင်းသူများအား ပူးပေါင်းပါဝင်ဆောင်ရွက်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်စုန်ဆင်းမည့် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်အဖွဲ့ကို ထောက်ပံ့ငွေကျပ်သိန်း (၁၀၀) ပေးအပ်ခဲ့ကြောင်း … Read more

  • မီးဘေးသင့်နေအိမ်နှင့် ကြိုတင်ဖျက်သိမ်းနေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာအုပ်စု၊ ကျွန်းဒိတ်ကျေးရွာ၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ (၀၂း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကြိုတင်ဖျက်သိမ်း နေအိမ် (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၁၀၀) ဦးခန့်အား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_nov2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် မိုင်းဆတ်မြို့၊ အ.ထ.က (ခွဲ) လ-၂ ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018

  • မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကျိုင်းလပ်မြို့ ထွေ/အုပ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကျိုင်းလပ်မြို့၊ ထွေ/အုပ်ခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအားဖွင့်လှစ်ခဲ့ရာ ကျိုင်းလပ်မြို့ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံခရိုင် ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ … Read more

Sign Up

Upcoming Events