မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကျိုင်းလပ်မြို့ ထွေ/အုပ်၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကျိုင်းလပ်မြို့၊ ထွေ/အုပ်ခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအားဖွင့်လှစ်ခဲ့ရာ ကျိုင်းလပ်မြို့ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုင်းတုံခရိုင် ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၂) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source:ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_nov2018

Sign Up

Upcoming Events