လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာအုပ်စု၊ ကျွန်းဒိတ်ကျေးရွာ၌ (၉-၁၁-၂၀၁၈) ရက်နေ့၊ (၀၂း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ကြိုတင်ဖျက်သိမ်း နေအိမ် (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၄,၇၀၀/-) ကျပ်တို့အား (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#ayy_nov2018