
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ လေးလံကျွန်း ကျေးရွာ၊ ရေလယ်သောင်ကျေးရွာနှင့် မြင်းကျွန်းကျေးရွာတို့၌ (၁၂-၁၁-၂၀၁၈) ရက်နေ့၊ (ဝရး၀၀) နာရီအချိန်တွင် ဧရာဝတီ မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၁၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၃၆,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၃၆,၅၀၀/-) ကျပ်တို့အား (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#mgy_nov2018