လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ပြည်သူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်လျက် ငလျင်အသိပညာပေးပိုစတာများအား ယင်းမာပင် မြို့မဈေး၊ ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးရှိ ဝဲ/ယာ သစ်ပင်များ၊ ဆေးရုံ၊ ကားဂိတ်၊ ထွေ/အုပ်နှင့် ပြန်/ဆက်ရုံးများတွင် သွားရောက်ကပ်ခဲ့ပြီး ကျောင်း သား/သူများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များသိရှိနိုင်စေရန် ငလျင်ဘေး ပိုစတာ အစောင်ရေ (၅၀) အား ယင်းမာပင်မြို့နယ်ပညာရေးမှူးရုံးမှတဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_nov2018