မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေပေးအပ်မှုသတင်း

ရန်ကုန်၊ နိုင်ဝင်ဘာ ၁၂၊
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့ယွင်းသူများ ပူးပေါင်းပါဝင်နိုင်ရေး ထောက်ပံ့ငွေ ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ အမြင်အာရုံချို့ယွင်းသူများအား ပူးပေါင်းပါဝင်ဆောင်ရွက်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်စုန်ဆင်းမည့် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်အဖွဲ့ကို ထောက်ပံ့ငွေကျပ်သိန်း (၁၀၀) ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#hl2
#ygn_nov2018

Sign Up

Upcoming Events