Author Archives: Hlaing ChoOo
-
ဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၃၁-၈-၂၀၁၉) ရက်နေ့နှင့်(၂-၉-၂၀၁၉)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် ကျသောင်းတောက်ကျေးရွာရှိ မြောက်ကမ်းပါးဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) နှင့် သင်္ကန်း (၄) စုံတို့အားလည်းကောင်း (၂-၉-၂၀၁၉) ရက်နေ့တွင် ရုံးပင်ကျေးရွာအုပ်စု ရုံးပင်ကျေးရွာ၌ ကမ်းပါးပြို့ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းခဲ့ရသော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၈၀၀/-) ကျပ်နှင့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ကူညီထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (၂၁:၃၉) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး (၆.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ရွှေဘိုမြို့နယ်၊ ခင်ဉီးမြို့နယ်နှင့် ရေဉီးမြို့နယ်တို့ တွင် ထိခိုက်ပျက်စီးမှုရှိခဲ့ရာ – ရွှေဘိုမြို့နယ်၌ ဘုရားစေတီနှင့်သာသနိကအဆောက်အဉီပေါင်း(၅၇)ခုတွင်စိန်ဖူးတော်၊ ထီးတော်များမြေခခြင်း၊ စေတီများအက်ကွဲခြင်း၊ အဆောက်အဉီ နံရံများအက်ကွဲခြင်းနှင့် ပညာရေးအဆောက်အဉီ(၁၆)ခု၊ ကျန်းမာရေးအဆောက်အဉီ(၁)ခု၊ ဌာနဆိုင်ရာအဆောက် အဉီ(၃)ခု၊ လူနေအိမ်(၅)လုံးတို့တွင် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ငလျင်လှုပ်ခတ်ခဲ့သောဒေသများသို့ ကွင်းဆင်းသွားရောက်၊ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခြင်း
စက်တင်ဘာ/၂ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်သည် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် များနှင့် အတူယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိဘုရားစေတီများ ထီးတော် တိမ်းစောင်းပြိုကျအက်ကွဲမှုအခြေအနေကိုကြည့်ရှုပြီးနောက် ကျောင်းထိုင်ဆရာတော်အားလှူဖွယ်ဝတ္ထုဆက်ကပ် လှူပူဇော်ခဲ့ပါသည်။ ဆက်လက်၍ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ခရိုင်/မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာဂြိုလ်ကြီး ရှစ်လုံးစေတီများ ထီးတော်ပြိုကျမှု၊ စေတီလုံးတော်များကွဲအက်မှုများကိုကြည့်ရှု၍ ကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံကာ ငလျင် ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာများအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအလိုက် ဖွဲ့စည်း ဆောင်ရွက်နေမှုအခြေအနေများတို့ကို ဆွေးနွေးပြောကြားပြီး ငလျင်ဘေးအန္တရာယ်အသိပညာပေး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၃) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ- “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။”
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Professor Michelle Kamauနှင့် International Organization for Migration (IOM) အဖွဲ့တို့အား အသီးသီးလက်ခံတွေ့ဆုံမှုသတင်း
စက်တင်ဘာ၂၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် Professor Michelle Kamau နှင့် International Organization for Migration (IOM), Mission in Myanmar ၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌အသီးသီးလက်ခံတွေ့ဆုံပါသည်။ Professor Michelle Kamau နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရေးအတွက် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများတွင်လူမှုရေးပညာကျွမ်းကျင်သူတစ်ဦးအနေဖြင့်ကူညီဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအတွက်ပညာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။
-
ထားဝယ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မိဘများ၊ ဆရာ၊ ဆရာမများ၊ အုပ်ထိန်းသူများနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံမှုသတင်း
စက်တင်ဘာ၊ ၁၊ ၂၀၁၉ ၊ ထားဝယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယမန်နေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိကလေးငယ်များ၏ မိဘများ၊ ဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုကြောင်း၊ ထို့အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် အသက် (၈) နှစ်အရွယ်အထိ ရှေးဦးအရွယ်ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် … Read more
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်း ကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ၌ (၃၁-၈-၂၀၁၉) ရက်နေ့တွင် ရေဝင်ရောက်မှုကြောင့် မျောပါနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၇) ပုံး၊ လူဦးရေ (၉၂) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၃,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၉၃,၂၀၀/-) ကျပ်တို့အား (၁-၉-၂၀၁၉) ရက်နေ့ (၁၃:၀၀) … Read more
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးအခြေခံသင်တန်း (BDMC) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးနှင့် သံတွဲခရိုင်ဦစီးမှူးတို့ပူးပေါင်း၍ (၂၆-၈-၂၀၁၉) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအခြေခံသင်တန်း(BDMC) အား ဖွင့်လှစ်ခဲ့ပြီး သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၈-၂၀၁၉) ရက်နေ့မှ (၃၀-၈-၂၀၁၉) ရက်နေ့အထိ (၅)ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_aug2019
